AOTS ပထမအကြိမ် Hiragana ၊ Katakana စာမေးပွဲ

1. ခြုံငုံသုံးသပ်ချက်

ဤစာမေးပွဲသည် ဂျပန်နိုင်ငံသို့ မလာရောက်မီ ဂျပန်ဘာသာစကား သင်ယူမှုကို မြှင့်တင်သည်နှင့်အတူ၊ လက်ရှိ ဂျပန်ဘာသာစကား စွမ်းရည်ကို နားလည်ရန်ဖြစ်ပြီး၊ ဂျပန်နိုင်ငံသို့ လာရောက်ပြီးနောက် ဂျပန်ဘာသာစကား သင်တန်းကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန် ပြုလုပ်ခြင်းဖြစ်သည်။

J6W ၊ J13W တွင်ပါဝင်သည့် သင်တန်းသားများအားလုံး ဖြေဆိုပါ။

2. အကျုံးဝင်သူ

J6W ၊ J13W တွင်ပါဝင်သည့် သင်တန်းသားများအားလုံး

3. လိုအပ်သည့်အချိန်

15 မိနစ်

4. ပြင်ဆင်မှု

1. အောက်ပါ အဖြေလွှာ (PDF) ကို ပရင့်ထုတ်ပါ။

2. သင်တန်းသားနံပါတ်၊ နိုင်ငံ၊ အမည်နှင့် သက်ဆိုင်သည့်အဖွဲ့အစည်းကို ဖော်ပြပါ။

3. အသံနားထောင်နိုင်သော စမတ်ဖုန်း သို့မဟုတ် PC ကို ပြင်ဆင်ပါ။

5. စာမေးပွဲစစ်ဆေးမှု

1. အောက်ပါအသံကို နားထောင်လျက် အဖြေကို အဖြေလွှာပေါ်တွင် ရေးပါ။

အင်တာနက်ဆက်သွယ်မှုပတ်ဝန်းကျင်ပေါ်မူတည်၍ ဗီဒီယိုပြသသည့် အချိန်ကြာနိုင်သည်။

Q1.

Q2.

Q3.

 

2. ပြီးသွားပါက အဖြေလွှာကို ကင်မရာဖြင့် ဓာတ်ပုံရိုက်ပါ၊ သို့မဟုတ် စကင်န်ဖတ်ကာ အောက်ပါလိပ်စာသို့ ပေးပို့ပါ။ ဖိုင်ဖော်မတ်ကို PDF သို့မဟုတ် jpg ထားပါ။ တတ်နိုင်သမျှ ဖိုင်ဆိုဒ်ကို 1MB နှင့်အောက်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

တင်ပြရမည့်နေရာ : 

3. နောက်ရက်တွင်၊ အမှတ်စာရင်းရလဒ်များကို သင်တန်းသားများနှင့် လက်ခံကုမ္ပဏီတာဝန်ခံအား အကြောင်းကြားပါမည်။

◇ အောင်ပါက

 သင်ယူရန် လမ်းညွှန်ချက်များကို ကိုးကား၍ ဂျပန်စာကို ဆက်လက်လေ့လာပါ။

 ဂျပန်နိုင်ငံသို့ မလာရောက်မီ လေ့လာထားခြင်းဖြင့် ဂျပန်နိုင်ငံသို့ လာပြီးနောက် သင်တန်းများကို ပိုမိုချောမွေ့စွာ တက်ရောက်နိုင်မည်ဖြစ်သည်။

◇ ကျပါက

 Hiragana ၊ Katakana တို့ကို လေ့လာပြီး စာမေးပွဲအောင်သည်အထိ ဖြေဆိုပါ။

 ဒုတိယအကြိမ် စာမေးပွဲ၏ URL ကို ရလဒ်အကြောင်းကြားချက်နှင့် တစ်ချိန်တည်းတွင် ကြေညာပါမည်။ သင်ယူရန် လမ်းညွှန်ချက်၌ Hiragana ၊ Katakana သင်ယူမှုကိရိယာများကို မိတ်ဆက်ပေးနေပါသည်။

6. သတိပေးချက်များ၊ တားမြစ်ချက်များ

စည်းမျဥ်းအနေဖြင့် စေလွှတ်သည့်ကုမ္ပဏီ၏ အစည်းအဝေးခန်းစသည်တို့၌ စာမေးပွဲဖြေဆိုသူမဟုတ်သည့် အခြားသူတစ်ဦး၏ ကြီးကြပ်မှုအောက်တွင် စာမေးပွဲစစ်ဆေးမှုပြုလုပ်ပါ။ မတတ်သာ၍ သင်တန်းသား၏အိမ် စသည်တို့၌ ပြုလုပ်ရပါက၊ မပျက်မကွက် တစ်ယောက်တည်း ဖြေဆိုပါ။
ခိုးချဖြေဆိုခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။
အသံကို ခဏရပ်ခြင်း သို့မဟုတ် ထပ်ခါတလဲလဲ ဖွင့်ခြင်းမလုပ်ရ။
မေးခွန်းခက်လွန်း၍ အဆုံးအထိ မဖြေနိုင်ပါက၊ စာမေးပွဲကို ရပ်ပြီး ဖြေနိုင်ခဲ့သည့်နေရာအထိ အဖြေလွှာကို ပို့ပေးပါ။

ဆက်သွယ်မေးမြန်းရန်

ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းဌာနခွဲ ဂျပန်ဘာသာစကားပညာရေးစင်တာ (JLTC)

ဖုန်း : 03-3888-8250 FAX : 03-3888-8264

Contact Form