ဂျပန်သို့ မလာရောက်မီ ဂျပန်စာသင်ယူခြင်း

J6W/J13W တွင်ပါဝင်သူများသို့

ဂျပန်သို့ မလာရောက်မီ ဂျပန်စာကို အသီးသီး လေ့လာသင်ယူပါ (အောက်ပါ 1)။
ထို့အပြင်၊ AOTS Hiragana ၊ Katakana စာမေးပွဲ (အောက်ပါ 2) ကို အောင်မြင်ထားပြီးဖြစ်ပါစေ။
အောက်ပါတို့ကို ဂရုတစိုက်ဖတ်ပြီး ဂျပန်သို့ မလာရောက်မီ ဂျပန်စာကို ဆက်လက်လေ့လာပါ။

1. ဂျပန်သို့ မလာရောက်မီ ရိုးရှင်းသော ဂျပန်စာကို မပျက်မကွက် လေ့လာထားပါ (အားလုံးလိုအပ်သည်)

ဂျပန်နိုင်ငံတွင် သင်တန်းကို ကောင်းမွန်ချောမွေ့စွာ စတင်နိုင်ရန်၊ ယခုမှစ၍ ရိုးရှင်းသောဂျပန်ဘာသာစကားလေ့လာမှုကို စတင်လိုက်ပါ။ အထူးသဖြင့် Hiragana ၊ Katakana တို့နှင့်စပ်လျဥ်း၍ ဂျပန်နိုင်ငံသို့ မလာရောက်မီ အရေးအဖတ်ပြုလုပ်နိုင်စေရန် လေ့လာထားပါ။ ထိုမှသာ ဂျပန်သို့လာရောက်ပြီးနောက် ဂျပန်ဘာသာစကားသင်တန်းတွင် စကားစမြည်ပြောဆိုလေ့ကျင့်ရာ၌ အချိန်ပိုရနိုင်ပြီး၊ ဂျပန်ဘာသာစကားသင်တန်း၏ရလဒ်များကို ကြီးမားစွာကွာခြားသွားစေမည်ဖြစ်သည်။

 

⇒ ဂျပန်ဘာသာစကားစွမ်းရည်လယ်ဗယ််ကို စစ်ဆေးခြင်းနှင့် အွန်လိုင်းဂျပန်သင်စာထောက်ကူပစ္စည်းများ မိတ်ဆက်စာမျက်နှာသို့

 

2. AOTS Hiragana ၊ Katakana စာမေးပွဲကို အောင်ထားပါ (အားလုံးလိုအပ်သည်)

ဂျပန်သို့မလာမီ အွန်လိုင်းတွင် AOTS Hiragana ၊ Katakana စာမေးပွဲ ※ ရှိသည်။ အမှတ် 40 (80%) နှင့်ထက်မှသာ အောင်မြင်ပါမည်။ မအောင်မြင်သူများသည် ပြန်လည်လေ့ကျင့်ကာ နောက်တစ်ကြိမ် စာမေးပွဲကို ဖြေဆိုပါ။

စာမေးပွဲမအောင်ပါက ဂျပန်သို့မလာနိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ။

AOTS ပထမအကြိမ် Hiragana ၊ Katakana စာမေးပွဲ

ဆက်သွယ်မေးမြန်းရန်

ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းဌာနခွဲ ဂျပန်ဘာသာစကားပညာရေးစင်တာ (JLTC)

ဖုန်း : 03-3888-8250 FAX : 03-3888-8264

Contact Form